Friday, December 7, 2007

my love

မင်းဘာလဲဆိုတာ တို့မသိဘူး
မင်းနဲ့တူတဲ့အရာကိုလည်း တို့မသိဘူး
မင်းဆီက ဂီတငွေ့တွေရွာချသလိုမျိုးတော့
တိမ်သက်တန့်တွေ ဆီကတောင်
မိုးပေါက်လင်းလင်းတွေ ဆင်းမလာဘူး
မမြင်မိဘူး............

ကိုယ်တိုင်တောင် မျှော်လင့်မထားတဲ့
မျှော်လင့်ခြင်းနဲ့
အကြောက်အရွံတွေ လောကမှ ဖြစ်ထွန်းလာတဲ့အထိ
အလိုလိုရလာတဲ့ သီချင်းလေးတွေကို အော်ဆိုရင်း
တွေးလက်စ အလင်းတိုက်နောက်မှာ ကွယ်နေရတဲ့
ကဗျာသမားလိုမျိုး.................

ကိုယ့်ကိုကာဆီးထားတဲ့ ပန်းမြတ်တွေကြားမှာမှ
ကိုယ့်ရဲ့ မမြင်ရတဲ့ အရောင်အသွေးကို ဖြန့်လွှတ်နေသူ
နှင်းတဝေေ၀ ချောင်ကုပ်လေးထဲက ပိုးစုန်းကြူးလိုမျိုး......

လင်းလိုက် မှောင်လိုက်
မြက်ခင်းပေါ်က မိုးစက်ပွင့်တို့ရဲ့ အသံ....
အဲဒီအသံကြောင့် အိပ်ယာကနိုးထလာတဲ့ ပန်းပွင့်
ပျော်ရွှင်ကြည်လင် လန်းဆန်းခဲ့ရ
ရှိရှိသမျှ အရာအားလုံးကို ဂီတနဲ့ပဲ မင်းကျော်လွန်ခဲ့ပြီ
တို့ကို သင်ကြားလှည့်ပါဦး ၀ိဥာဉ်ကလေး
(သို့မဟုတ်) ငှက်ကလေးရေ.......။